Elŝuti PDF-on
Reiri al la rakontolisto

ဘောလုံးကြယ်ပွင့်လေး အန်းဒီစဝါ Andiswa, futbalstelulo

Verkita de Eden Daniels

Ilustrita de Eden Daniels

Tradukita de Naw Thazin Hpway

Lingvo birma

Nivelo 2-a nivelo

Laŭtlegi la tutan rakonton Sonregistraĵo por tiu ĉi rakonto ankoraŭ mankas.


အန်းဒီစဝါဟာ ကောင်လေးတွေ ဘောလုံးကန်တာကို ကြည့်ပါတယ်။ သူဟာလည်း သူတို့နဲ့အတူ ဝင်ကစားနိုင်ဖို့ အလိုရှိပါတယ်။ သူ့ရဲ့ နည်းပြကို သူတို့နဲ့တူတူ လေ့ကျင့်နိုင်မလားလို့ မေးပါတယ်။

Andiswa spektis la knabojn ludi futbalon. Ŝi deziris aliĝi al ili. Ŝi demandis al la trejnisto, ĉu ŝi rajtas ekzerci sin kun ili.


နည်းပြက သူ့ရဲ့တင်ကိုထောက်ပြီး “ဒီကျောင်းမှာ ယောကျာ်းလေးတွေဘဲ ဘောလုံးကစားနိုင်တာ” လို့ ပြောပါတယ်။

La trejnisto metis la manojn sur la koksojn. “En ĉi tiu lernejo nur la knaboj permesas ludi futbalon,” li diris.


ကောင်လေးတွေက သူ့ကို ပိုက်ကျော် ဘောလုံးကစားနည်းတွေကိုဘဲ သွားကစားဖို့ပြောပါတယ်။ ပိုက်ကျော်ဘောလုံးကစားနည်းက မိန်းကလေးတွေအတွက်ဖြစ်ပြီး ဘောလုံးကန်တာက ယောကျ်ားလေးတွေအတွက်ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အန်းဒီစဝါဟာ စိတ်ပျက်သွားပါတယ်။

La knaboj diris al ŝi, ke ŝi ludu retpilkon. Ili diris ke la retpilko estas por knabinoj, kaj futbalo estas por knaboj. Andiswa tre malĝojis.


နောက်တစ်နေ့မှာတော့ ကျောင်းမှာ ဘောလုံးကစားပွဲကြီးတစ်ခု ရှိပါတယ်။ နည်းပြက သူ့ရဲ့အတော်ဆုံး ကစားသမားဟာ ဖျားပြီး မကစားနိုင်တော့တဲ့အတွက် စိတ်ပူနေရပါတယ်။

La sekvan tagon estis granda futballudo ĉe la lernejo. La trejnisto maltrankviliĝis, ĉar lia plej bona futbalisto estis malsana kaj ne povis ludi.


အန်းဒီစဝါဟာ နည်းပြဆီပြေးလာပြီး သူ့ကို ဘောလုံးပေးကန်ဖို့ တောင်းဆိုပါတယ်။ နည်းပြကလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ဒါနဲ့ သူဟာ အန်းဒီစဝါကို အသင်းထဲ ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

Andiswa kuris al la trejnisto kaj petis lin lasi ŝin ludi. La trejnisto ne certis, kion fari. Tiam li decidis ke Andiswa povus aliĝi al la teamo.


ကစားပွဲက အတော်လေး ကြမ်းပါတယ်။ ပွဲတစ်ဝတ်လောက်ထိ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

La ludo estis malfacila. Neniu gajnis golon ĝis la ludomeza paŭzo.


ဒုတိယပိုင်းမှာတော့ ကောင်လေးတွေဟာ ဘောလုံးကို အန်းဒီစဝါဆီ ပေးလိုက်တဲ့အခါမှာ သူဟာ ဂိုးတိုင်ဆီ အမြန် သယ်သွားပါတယ်။ သူဟာ ဘောလုံးကို ခပ်ပြင်းပြင်းကန်လိုက်တဲ့အခါမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

Dum la dua duono de la matĉo, unu el la knaboj sendis la pilkon al Andiswa. Ŝi kuris rapide al la golejo. Ŝi forte piedbatis la pilkon kaj gajnis golon.


ပရိတ်သတ်တွေဟာ ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေနဲ့အတူ တခဲနက် အားပေးကြပါတယ်။ အဲ့ဒီနေ့ကစပြီး ကျောင်းမှာ မိန်းကလေးတွေကိုလည်း ဘောလုံးကန်ခွင့် ပြုလိုက်ပါတယ်။

La amaso freneziĝis per ĝojo. Ekde tiam, knabinoj ankaŭ permesis ludi futbalon ĉe la lernejo.


Verkita de: Eden Daniels
Ilustrita de: Eden Daniels
Tradukita de: Naw Thazin Hpway
Lingvo: birma
Nivelo: 2-a nivelo
Fonto: Andiswa Soccer Star el la Afrika Rakontolibro
Krea Komunaĵo Permesilo
Ĉi tiu verko estas disponebla laŭ la permesilo Krea Komunaĵo Atribuite-Nekomerce 3.0 Tutmonda.
Opcioj
Reiri al la rakontolisto Elŝuti PDF-on