Elŝuti PDF-on
Reiri al la rakontolisto

အနာစီနှင့် ဉာဏ်ပညာ Anansi kaj saĝeco

Verkita de Ghanaian folktale

Ilustrita de Wiehan de Jager

Tradukita de Naw Thazin Hpway

Lingvo birma

Nivelo 3-a nivelo

Laŭtlegi la tutan rakonton Sonregistraĵo por tiu ĉi rakonto ankoraŭ mankas.


ဟိုးရှေးရှေးတုန်းက လူတွေဟာဘာမှကိုမသိကြပါဘူး။ သူတို့ဟာ အပင်ကိုဘယ်လိုစိုက်သလဲ၊ ဘယ်လိုအဝတ်အထည်တွေကို ဘယ်လိုရက်လုပ်သလဲ၊ သို့မဟုတ် သံထည်တွေကိုဘယ်လိုလုပ်သလဲဆိုတာကို မသိကြပါဘူး။ ကောင်းကင်ပေါ်မှာရှိတဲ့ နိုင်ရမ်ဆိုတဲ့နတ်ဘုရားကသာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဉာဏ်ပညာကိုပိုင်ဆိုင်ပါတယ်။ သူဟာထိုအရာကို မြေအိုးထဲထည့်ထားပါတယ်။

Longe, longe antaŭe la homoj ne sciis ion ajn. Ili ne sciis kiel farmi kultivaĵojn aŭ kiel teksi tukojn aŭ kiel fari ferajn ilojn. La dio Nyame supre en la ĉielo havis ĉiun saĝecon de la mondo. Li tenis ĝin sekura en argila kruĉo.


တစ်နေ့မှာ နတ်ဘုရားကြီးနိုင်ရမ်ဟာ သူ့ရဲ့ ဉာဏ်ပညာမြေအိုးကို အနာစီဆီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီ ဉာဏ်ပညာမြေအိုးကို ကြည်လိုက်တိုင်း အနာစီဟာ အသစ်တစ်ခုခုကို သင်ယူရရှိပါတယ်။ အဲ့ဒါကအရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

Unu tagon, Nyame decidis ke li donos la kruĉon de saĝeco al Anansi. Ĉiam kiam Anansi rigardis en la argilan kruĉon, li lernis ion novan. Ĝi estis tiel ekscita!


လောဘကြီးတဲ့ အနာစီက “ငါဒီအိုးကို သစ်ပင်အမြင့်ကြီးပေါ်မှာ တင်ထားလိုက်ရင် တစ်အိုးလုံးကို ငါတစ်ယောက်ထဲပိုင်ဆိုင်နိုင်မယ်” ဆိုပြီးတွေးပါတယ်။ သူဟာ ကြိုးအရှည်တစ်ချောင်းနဲ့ အိုးကိုပတ်ပြီး သူ့ရဲ့ဗိုက်နဲ့ဆက်ကာချည်ထားလိုက်ပါတယ်။ သူဟာသစ်ပင်ပေါ်ကိုစပြီးတက်ပါတယ်။ ဒါပေမယ့် သစ်ပင်တက်တဲ့အခါ အဲ့ဒီအိုးကသူ့ရဲ့ဒူးနဲ့ အချိန်တိုင်း တိုက်နေတဲ့အတွက် တက်ရတာ ခက်ခဲပါတယ်။

Avida Anansi pensis, “mi tenos la kruĉon ĉe la supro de alta arbo. Tiel mi povas havi ĉion por mi mem!” Li ŝpinis longan fadenon, bobenis ĝin ĉirkaŭ la argilan kruĉon kaj ligis ĝin al sia stomako. Li komencis grimpi la arbon. Sed estis malfacile grimpi la arbon kun la kruĉo frapanta liajn genuojn la tutan tempon.


အနာစီရဲ့ သားငယ်ကတော့ သစ်ပင်အောက်ကနေထပြီး တစ်ချိန်လုံးရပ်ကြည့်နေခဲ့ပါတယ်။ သူက “အိုးကိုကျောပေါ်မှာထားရင်ဒီထက်ပိုပြီး တက်ရတာ မလွယ်ကူဘူးလား” လို့ပြောလိုက်ပါတယ်။ အနာစီဟာ ဉာဏ်ပညာနဲ့ပြည့်နေတဲ့မြေအိုးကို သူ့ရဲ့ကျောဘက်မှာပြောင်းလိုက်တဲ့အခါ အများကြီး ပိုလွယ်ကူသွားပါတယ်။

La tutan tempon la juna filo de Anansi estis observanta malsupre ĉe la trunko de la arbo. Li diris, “Ĉu ne estus pli facile grimpi se vi anstataŭe ligus la kruĉon al via dorso?” Anansi provis ligi la argilan kruĉon plenan de saĝeco al sia dorso, kaj tio vere estis multe pli facila.


သိပ်မကြာခင်မှာဘဲ သူဟာ သစ်ပင်ထိပ်ကိုရောက်သွားပါတယ်။ ဒါပေမယ့်သူဟာ ရပ်လိုက်ပြီး “ငါက ဉာဏ်ပညာအရှိဆုံးဖြစ်ရာမှာ၊ ငါ့သားကငါ့ထက်တော်နေတယ်။” လို့စဉ်းစားမိတယ်။ အနာစီဟာ အရမ်းကိုဒေါသထွက်သွားပြီး မြေအိုးကို သစ်ပင်အောက်ပစ်ချလိုက်ပါတယ်။

Tujtuje li atingis la supron de la arbo. Sed tiam li haltis pensante, “mi devus esti tiu kiu havas ĉiun saĝecon sed jen mia filo estis pli lerta ol mi!” Anansi estis tiel kolera pri tio ĉi ke li ĵetis la argilan kruĉon malsupren for de la arbo.


မြေအိုးဟာ မြေကြီးပေါ်မှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားပါတယ်။ ဉာဏ်ပညာဟာ လူတိုင်းနဲ့ဝေမျှဖို့အတွက် လွတ်လပ်သွားပါတယ်။ ဒါဟာ လူတွေက ဘယ်လိုပုံစံမျိုးနဲ့ လယ်ယာစိုက်ပျိုးသလဲ၊ အဝတ်အထည်တွေကို ရက်လုပ်သလဲ၊ သံထည်တွေကို ဘယ်လို ပြုလုပ်ရမလဲနဲ့ အခြားအရာတွေကိုဘယ်လိုလုပ်ရမလဲဆိုတာ သိသွားကြပုံပါဘဲ။

Ĝi frakasiĝis en pecojn sur la tero. La saĝeco estis libera por dividiĝi inter ĉiuj. Kaj tiel la homoj lernis farmi, teksi tukojn, fari ferajn ilojn, kaj ĉiujn aliajn aferojn kiujn homoj scias fari.


Verkita de: Ghanaian folktale
Ilustrita de: Wiehan de Jager
Tradukita de: Naw Thazin Hpway
Lingvo: birma
Nivelo: 3-a nivelo
Fonto: Anansi and Wisdom el la Afrika Rakontolibro
Krea Komunaĵo Permesilo
Ĉi tiu verko estas disponebla laŭ la permesilo Krea Komunaĵo Atribuite 3.0 Tutmonda.
Opcioj
Reiri al la rakontolisto Elŝuti PDF-on